Showing posts with label ဆံုးမစာ လကၤာ. Show all posts
Showing posts with label ဆံုးမစာ လကၤာ. Show all posts

Monday, December 3, 2007

ရွင္မဟာရဌသာရ ဆံုးမစာ လကာၤ

၁။ လက်သစ်တောင်သာ၊ ယူဇနာပေါင်းတာပြန်လောင်းသော် ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့် တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။ တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။
(မိဘ၊ ဘိုးဘွား၊ ဆရာစကား ချိုချို ခါးခါးနာယူရသည်။)

၂။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနုတ်ထွက်၊ ဆက်၍မဆို၊ ရိုသေကြစေ၊ ကိုကြီး အစ်မ၊ သည်နှစ်ဝကို မိဘကဲ့သို့ မှတ်ကြလေ။

၃။ သေသူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါတယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။

၎။ သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ သူမိုက်မဲကို၊ ရှောင်လွဲပါလေ။ ဤသူအမြတ်၊ ဤသူလတ်ဟု၊ ညစ်ပတ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။

၅။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကိုလည်း၊ ချစ်ပါလေ။

ဆက်ဖတ်ရန်..

Sunday, November 25, 2007

ဒုစရိုက်(၁၀)ပါး မှတ်သား လင်္ကာ






သက်သတ်-ခိုးမှု-ကာမေသု
သုံးခု ကာယကံ။
မုသားဆိုပြော၊ ကုန်းချောရန်တိုက်
အပြိန်းစကား၊ နေ့စဉ်ပွား
လေးပါး ၀စီကံ။
သူ့စည်းစိမ်ကို ငါပိုင်လိုမှု
သူ့သက်ဇီဝေ၊ သေစေလိုမှု
အယူမှောက်မှား၊ နေ့စဉ်ပွား
သုံးပါး မနောကံ။

ဆက်ဖတ်ရန်..