သက်သတ်-ခိုးမှု-ကာမေသု
သုံးခု ကာယကံ။
မုသားဆိုပြော၊ ကုန်းချောရန်တိုက်
အပြိန်းစကား၊ နေ့စဉ်ပွား
လေးပါး ၀စီကံ။
သူ့စည်းစိမ်ကို ငါပိုင်လိုမှု
သူ့သက်ဇီဝေ၊ သေစေလိုမှု
အယူမှောက်မှား၊ နေ့စဉ်ပွား
သုံးပါး မနောကံ။
Sunday, November 25, 2007
ဒုစရိုက်(၁၀)ပါး မှတ်သား လင်္ကာ
Posted by
Armysoul
at
3:53 PM
0
comments
Labels: ဆုံးမစာ လင်္ကာ
မကောင်းသော ကံ(၃)ပါး
ဒုစရိုက် (၁၀) ပါး
၁။ ပါဏာတိပါတ - လူ၊ တိရစ္ဆာန် စသော
သတ္တ၀ါတို့ကို ညှန်းပန်း သတ်ဖြတ်မှု
၂။ အဒိန္နာဒါန - တစ်ပါးသော သူတို့ပိုင်ဆိုင်သော
သက်ရှိ၊ သက်မဲ့ ပစ္စည်းတို့ကို ခိုးဝှက်ဖျက်ဆီးလုယူမှု
၃။ ကာမေသုမိစ္ဆာစာရ - တစ်ပါးသော သူတို့၏ သားမယား၊ မိမိလင်မှ
တစ်ပါးသော ယောကျာ်းတို့နှင့် ကျူးလွန်မှု
၎။ မုသာဝါဒ - မဟုတ်မမှန်သော စကားကို ပြောဆိုမှု
၅။ ပိသုဏ၀ါစာ - နှစ်ယောက်သောသူတို့ အကြားတွင် ကုန်းချော
ရန်တိုက်စကားပြောဆိုမှု
၆။ ဖရုဿဝါစာ - တစ်ဖက်သားအား ထိပါးဆဲရေးခြိမ်းခြောက်ပြောဆိုမှု
၇။ သမ္ဖပ္ပလာပ - အကျိုးမရှိသော စကားဖျင်းစကားပျက်ကို ပြောဆိုမှု
၈။ အဘိဇ္ဈာ - သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့ကို တောင့်တလိုချင်မှု၊
ကြံဖန်မက်မောမှု(အလိုဆိုးဟု ဆိုနိုင်၏) (မနောကံ)
၉။ ဗျာပါဒ - လူ၊ တိရစ္ဆာန်တို့အား သေကျေပျက်စီးစေလိုသော
ကြံစည်တွေးတောတောင့်တမှု (မနောကံ)
၁၀။ မိစ္ဆာဒိဋ္ဌိ - ကံနှင့် ကံ၏ အကျိုးစသည်တို့ကို မယုံကြည်သော
မှားယွင်းသော ထင်မြင်ယူဆမှု(မနောကံ)
Posted by
Armysoul
at
3:30 PM
0
comments
သဗ္ဗေသတ္တာကမ္မသကာ
အားလုံးသော သတ္တ၀ါတို့သည် မိမိတို့ပြုသောကောင်းမှု့(ကုသိုလ်) ၊ မကောင်းမှု့(အကုသိုလ်) ကံတို့သာလျှင် ဘ၀များစွာ ဖြစ်လေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာတို့ဖြစ်ကြကုန်၏။
ကောင်းသည်လည်းဖြစ်၊ မကောင်းသည်လည်းဖြစ်သော ကိုယ်အမှု (ကာယကံ) နှုတ်အမှု (၀စီကံ)၊ စိတ်အမှု (မနောကံ) တို့ကိုပြုလုပ်ကြသဖြင့် ထိုကံတို့၏ ကောင်းကျိုး၊ မကောင်းကျိုး သို့မဟုတ် ကောင်းမွေ၊ ဆိုးမွေကို ဘ၀အဆက်ဆက် ကမ္ဘာအဆက်ဆက်ခံစား၊ စံစားကြရကုန်လတ္တံ။
(လယ်တီ ဆရာတော်၏ မဂ္ဂင်္ဂဒီပနီမှ ကောက်နုတ်ဖော်ပြပါသည်။)
Posted by
Armysoul
at
3:01 PM
0
comments